၂၁.၁.၂၀၂၀ ( နံနက် ၈ နာရီ ၂၀ မိနစ် ) ‌စစ်ကိုင်းမြို့ ဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်သူများအားဖမ်းဆီးရမိ


စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် မြို့မဈေးအရှေဘက်ညောင်ပင်အောက်တွင်ဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်း ဇန်နဝါရီ ၂၁ရက်နေညနေ ၃:၄၀ကဖုန်းဖြင့်သတင်းပေးတိုင်ကြားချက်အရ စစ်ကိုင်းမြို့အမှတ်(၁)ရဲစခန်းမှဒုရဲမှူးကျော်ဇင်ထွေး ခေတ္တနယ်ထိန်းခေါင်း
ကျော်စိုးမိုး နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းဝေ မင်းလမ်းရပ်ကွက်ရာအိမ်မှူးဦးမောင်မောင်
အေးတိုနှင့်အတူ မြို့မဈေးအရှေဘက် ညောင်ပင်အောက်နတ်စင်အနီးသို့ ရှာဖွေဖမ်းဆီးရာဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားနေသူများဖြစ်သည့် ဇော်သန်းဝင်း(ခ)ဓါတ်ဗူး(သ) ၅၄နှစ်(ဘ) ဦးသန်းမောင် ၇/တငန(နိုင်)၀၃၁၇၃၉ သုံးဘီးမောင်း ပါရမီရပ်ကွက်စစ်ကိုင်းမြို့ဖုန်းအမှတ် (၀၉၇၅၂၄၅၁၀၄၅) oppoအမျိုးအစားဖုန်းအနက်ရောင်ဖြင့်‌ခြောက်ကောင်ဂျင်(သမင် ရေဘူး ကြက် ငါး ဂဏန်း ပုဇွန်) ရုပ်ပုံပါလောင်းကစားဆော်ဝဲအားထည်ထားပြီးလောင်းကစားဒိုင်အဖြစ်လုပ်ဆောင်ကာ လောင်းကစားနေသူများဖြစ်သည့် ကိုဖိုးကျော်(ဘ)ဦးအောင်ခိုင်(၃၁)နှစ် ၅/စကန(နိင်)၁၉၅၂၁၂ဆိုင်ကယ် ကယ်ရီမောင်း နန္ဒဝင်ရပ်ကွက် စစ်ကိုင်းမြို့အောင်မင်းထွေး(သ)၃၀နှစ်(ဘ) ဦးညွန့်စိန် မပတမရှိ ဆိုင်ကယ် ကယ်ရီမောင်း ပန်းဘဲတန်းရပ်ကွက်စစ်ကိုင်းမြို့ မင်းခန့်ဇော်(သ)၁၈နှစ်(ဘ) ဦးထွန်းထွန်းနိုင် မပတမရှိ ကျောင်းသား ဥယာဉ်ကျေးရွာ အမရပူရမြို့ ဖိုးဝင်း(ခ)ဝင်းမောင်မောင်ဟိန်း (သ)၃၅နှစ် (ဘ) ဦးသက်နိုင် ၉/မမစ(နိုင်)၀၁၉၈၃၄ လေထိုးကျွတ်ဖာသောတပန်ရပ်ကွက် စစ်ကိုင်းမြို့ကိုဆန်းကို (သ)၄၅နှစ်(ဘ) ဦးညွန့်အောင်၉/တတဥ(နိုင်)၀၉၉၃၂၄ဆိုင်ကယ် ကယ်ရီမောင်းမြို့သစ်ရပ်ကွက်စစ်ကိုင်းမြို့နေသူ(၆) ဦးအားလောင်းကစားရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းရဲမှတ်တမ်းအရသိရပြီး ဥပဒေအရအရေးယူနိုင်ရေးဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရသည် ။

ခိုင်ဇေယျ(KZY)


Comments