၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၁၄ မိနစ် ) ‌ရဲတစ်ဦးက KTV ဆိုင်မှာ ကြယ်စင် လမင်းအား သေနတ်ထုတ်ကြွားရာ ကျည်ထွက်သွား


တော်သေးတာပေါ့ နှစ်လုံးပြူး ထုတ်မပြလို့ ….KTV ဆိုင်မှအမျိုးသမီးများကို သေနတ်ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး စုံခုံစစ်ဆေးခံနေရ

KTVမလာခင် ၎င်းမောင်းသည့်ကားနှင့် ဆိုင်ကယ်တစ်စီးကို ပွတ်ချိတ်ခဲ့သေးကြောင်းပါသိရ ။ KTV ဆိုင်မှအမျိုးသမီးကို “ သေနတ်ပါတယ်“ဟုပြောရင်း ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရဲစည်းကမ်းထိန်းသိမ်းရေးအရအရေးယူနိုင်ရန် စုံခုံစစ်ဆေးနေကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ကပြောသည်။

၎င်းသည် ဇန်နဝါရီ၁၈ရက်နေ့က KTVတွင် သီချင်းလာဆိုပြီးပြန်အထွက် KTV ဆိုင်မှအမျိုးသမီးများကို ခြောက်လုံးပြူး သေနတ်ပြရာမှတဆင့် ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ဖြစ်စဉ်ကြောင့် တစ်စုံတစ်ဦးမှထိခိုက်မှုမရှိခဲ့ပါဟု ရဲတပ်ဖွဲ့ကပြောသည်။တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးထွန်းထွန်းသန်းသည် သောက်စားတတ်သူဖြစ်ကာ ယင်းဖြစ်စဉ်မဖြစ်ခင် နာရီအနည်းငယ်အကြာကလည်း

၎င်းမောင်းသည့်ကားသည် ကားတစ်စီးကိုကျော်တက်ရင်းမှတဆင့် တစ်ဘက်ယာဉ်ကြောပေါ်သို့ရောက်ရှိသွားကာ မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လူ ၂ ဦးပါ ဆိုင်ကယ်တစ်စီး၏ ဝဲဘက်မှန်နှင့်ချိတ်ဆွဲမိသွားပြီး ဆိုင်ကယ်ပေါ်ပါလာသူများထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။ ထိုဖြစ်စဉ်အပေါ် ယာယီရဲမှူးက ကားပေါ်မှဆင်းမကြည့်ဘဲ KTV ဆိုင်ကိုသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

Comments