Posts

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၁၄ မိနစ် ) ‌ရဲတစ်ဦးက KTV ဆိုင်မှာ ကြယ်စင် လမင်းအား သေနတ်ထုတ်ကြွားရာ ကျည်ထွက်သွား

Image
တော်သေးတာပေါ့ နှစ်လုံးပြူး ထုတ်မပြလို့ ….KTV ဆိုင်မှအမျိုးသမီးများကို သေနတ်ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး စုံခုံစစ်ဆေးခံနေရ KTVမလာခင် ၎င်းမောင်းသည့်ကားနှင့် ဆိုင်ကယ်တစ်စီးကို ပွတ်ချိတ်ခဲ့သေးကြောင်းပါသိရ ။ KTV ဆိုင်မှအမျိုးသမီးကို “ သေနတ်ပါတယ်“ဟုပြောရင်း ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရဲစည်းကမ်းထိန်းသိမ်းရေးအရအရေးယူနိုင်ရန် စုံခုံစစ်ဆေးနေကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ကပြောသည်။ ၎င်းသည် ဇန်နဝါရီ၁၈ရက်နေ့က KTVတွင် သီချင်းလာဆိုပြီးပြန်အထွက် KTV ဆိုင်မှအမျိုးသမီးများကို ခြောက်လုံးပြူး သေနတ်ပြရာမှတဆင့် ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ဖြစ်စဉ်ကြောင့် တစ်စုံတစ်ဦးမှထိခိုက်မှုမရှိခဲ့ပါဟု ရဲတပ်ဖွဲ့ကပြောသည်။တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးထွန်းထွန်းသန်းသည် သောက်စားတတ်သူဖြစ်ကာ ယင်းဖြစ်စဉ်မဖြစ်ခင် နာရီအနည်းငယ်အကြာကလည်း ၎င်းမောင်းသည့်ကားသည် ကားတစ်စီးကိုကျော်တက်ရင်းမှတဆင့် တစ်ဘက်ယာဉ်ကြောပေါ်သို့ရောက်ရှိသွားကာ မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လူ ၂ ဦးပါ ဆိုင်ကယ်တစ်စီး၏ ဝဲဘက်မှန်နှင့်ချိတ်ဆွဲမိသွာ

၂၁.၁.၂၀၂၀ ( နံနက် ၈ နာရီ ၂၀ မိနစ် ) ‌စစ်ကိုင်းမြို့ ဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်သူများအားဖမ်းဆီးရမိ

Image
စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် မြို့မဈေးအရှေဘက်ညောင်ပင်အောက်တွင်ဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်း ဇန်နဝါရီ ၂၁ရက်နေညနေ ၃:၄၀ကဖုန်းဖြင့်သတင်းပေးတိုင်ကြားချက်အရ စစ်ကိုင်းမြို့အမှတ်(၁)ရဲစခန်းမှဒုရဲမှူးကျော်ဇင်ထွေး ခေတ္တနယ်ထိန်းခေါင်း ကျော်စိုးမိုး နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းဝေ မင်းလမ်းရပ်ကွက်ရာအိမ်မှူးဦးမောင်မောင် အေးတိုနှင့်အတူ မြို့မဈေးအရှေဘက် ညောင်ပင်အောက်နတ်စင်အနီးသို့ ရှာဖွေဖမ်းဆီးရာဖုန်းဖြင့်ခြောက်ကောင်ဂျင်လောင်းကစားနေသူများဖြစ်သည့် ဇော်သန်းဝင်း(ခ)ဓါတ်ဗူး(သ) ၅၄နှစ်(ဘ) ဦးသန်းမောင် ၇/တငန(နိုင်)၀၃၁၇၃၉ သုံးဘီးမောင်း ပါရမီရပ်ကွက်စစ်ကိုင်းမြို့ဖုန်းအမှတ် (၀၉၇၅၂၄၅၁၀၄၅) oppoအမျိုးအစားဖုန်းအနက်ရောင်ဖြင့်‌ခြောက်ကောင်ဂျင်(သမင် ရေဘူး ကြက် ငါး ဂဏန်း ပုဇွန်) ရုပ်ပုံပါလောင်းကစားဆော်ဝဲအားထည်ထားပြီးလောင်းကစားဒိုင်အဖြစ်လုပ်ဆောင်ကာ လောင်းကစားနေသူများဖြစ်သည့် ကိုဖိုးကျော်(ဘ)ဦးအောင်ခိုင်(၃၁)နှစ် ၅/စကန(နိင်)၁၉၅၂၁၂ဆိုင်ကယ် ကယ်ရီမောင်း နန္ဒဝင်ရပ်ကွက် စစ်ကိုင်းမြို့အောင်မင်းထွေး(သ)၃၀နှစ်(ဘ) ဦးညွန့်စိန် မပတမရှိ ဆိုင်ကယ် ကယ်ရီမောင်း ပန်းဘဲတန်းရပ်ကွက်

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၄၈ မိနစ် ) ရန်ကုန်-ကျောက်ဖြူခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရ

Image
ဝင်းညွန့် | DMG ဇန်နဝါရီ ၂၀၊ စစ်တွေ ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ကားတစ်စီး ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် (၅)နာရီကျော်က ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူမြို့နယ် နာရေးကူညီမှုအသင်းထံမှ သိရသည်။ အဆိုပါခရီးသည်တင်ကားမှာ မျိုးဆက်သစ်အမည်ရှိ ကားဖြစ်ဖြစ်ပြီး ရန်ကုန်မှ ကျောက်ဖြူမြို့သို့လာစဉ် ကုလားပုန်းရွာအနီး လမ်းကွေ့တစ်နေရာတွင် တိမ်းမှောက်သွားခြင်းဖြစ်သည်။ “အလောင်းတွေကို ဘယ်ကိုယူသွားမယ်ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရထားတဲ့ သူတွေကိုတော့ စနဲမြို့ ဆေးရုံမှာပို့ထားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကျောက်ဖြူနာရေးကူညီမူအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီး ကပြောသည်။ ယင်းကားတွင် ခရီးသည်စုစုပေါင်း (၂၃)ဦးတင်ဆောင်လာခြင်းဖြစ်ကာ ကားတိမ်းမှောက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ကားတိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ကားဒရိုင်ဘာနှင့်ကားဂိတ်မှူးတို့ကို ကျောက်ဖြူမြို့မရဲစခန်းက ခေါ်ယူသွားသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စခန်းမှူးကို ဆက်သွယ်ခဲ့ရာ ခရီးလွန်န

၁၄.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ပဲခူးမြို့နယ် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်ကာ လျှာကိုက်ဖြတ်ခဲ့သည့် ၁၉ နှစ်အရွယ် အမျိုးသား

Image
အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်၍လျှာကိုက်ဖြတ်သည့် ၁၉ နှစ်အရွယ်ပြစ်မှုကျူးလွန်သူကို တရားစွဲတင်ရန်ဆောင်ရွက်နေကြောင်း ဘုရားကြီးနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။ ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်းကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာ၌နေထိုင်သူ တင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ဆိုသူသည် ဇန်နဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီတွင်ကျောင်း၌အကတိုက်နေသည့် ၎င်း၏စတုတ္ထတန်းကျောင်းသူညီမကိုဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်းရဲမှတ်တမ်းအရ သိရသည်။ ညီမဖြစ်သူနှင့်အတူတစ်ရွာတည်းနေ မ--------- ၁၀ နှစ်စတုတ္တတန်းကိုလည်း လမ်းကြုံတစ်ခါတည်းတင်ဆောင်လာခဲ့ပြီး နေအိမ်၌ညီမဖြစ်သူကိုထားခဲ့ကာ ဆက်လက်၍ မ--------- ၁၀ နှစ်ကို သံလမ်းဘေးလယ်ကွက်အတွင်းခေါ်ဆောင်ကာအဓမ္မပြုကျင့်ခဲ့ပြီးနောက် သေစေရန်ရည်ရွယ်ကာလည်ပင်းညှစ်လိုက်သည့်အပြင် ထွက်လာသည့်မိန်းကလေး၏လျှာကိုလည်း ကိုက်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “သူ့ညီမကိုဆိုင်ကယ်နဲ့သွားကြိုရင်း ညီမနဲ့တစ်ခန်းတည်းသူငယ်ချင်းပြုကျင့်ခံရသူကိုလည်း လမ်းကြုံခေါ်သွားခဲ့တယ်။သူ့ညီမကိုအိမ်မှာအရင်ပို့ပေးပြီး အဲဒီကလေးမလေးကို လူပြတ်တဲ့သံလမ်းမှာအဓမ္မပြုကျင့်ပြီးတော့ တစ်ခါတည်းသတ်ဖို့ရည်ရွယ်ပြီးလည်ပင်းညှစ်လိုက်တယ်။